လေ့ကျင့်ခန်းမပေးတာကြာသွားလို့အခု နောက်ထပ်လေ့ကျင့်ခန်းပေးလိုက်တယ်နော်။
အဲဟာလေးက button ကိုနှိပ်ရင် စာတွေပေါ်လာမှာပါ။
ဒီတခါ သင်ပေးမှာကတော့ ဆော့ဖ်ဝဲ တစ်ခုမှာ button တစ်ခုပါမယ်ပေါ့ အဲ button ကိုနှိပ်ရင် project အောက်မှာရှိတဲ့ text file ကိုသွားဖတ်မယ်ပေါ့ ။ အဲတာကလည်းကိုယ်ကြိုက်တာရေးပေါ့။ ဒီနည်းလေးက ကျနော်အရင်ရေးတားတဲ့ Knowledge box မှာသုံးတားတဲ့နည်း လေးပါ။ သူက button ကိုနှိပ်ရင် အဲ button နဲ့ဆိုင်တဲ့ file ကိုသွားဖတ်ပြီး Text View မှာ ပြမှာပေါ့။ အဲတာကိုလုပ်ဖို့က လိုတဲ့ Tool တွေကတော့ Button တစ်ခုပါမယ် TextView တစ်ခုပါမယ်ပေါ့။ အခုကျနော်လုပ်ပြမှာ ကတော့ button နှိပ်ရင် button အောက်မှာ စာတွေပေါ်မှာပါ။ စာတွေအတွက်လိုပါသေးတယ်။ အဲအတွက် File manager ထဲသွားပြီး App project ဆိုတဲ့ folder ထဲဝင်ပါ ပြီးရင် ကိုပေးခဲ့တဲ့ Project folder ထဲဝင်ပါ။ ပြီးရင် အဲမှာ New folder ဆောက်ပါ အဲနာမည်ကတော့ assets ဆိုတဲ့နာမည်ဖြစ်ရမှာနော်။ ပြီးရင် read.txt ဆိုတဲ့ text file တစ်ခုကို ဆောက်ပါမယ် ။ အဲကောင်က assets ဆိုတဲ့ folder အောက်မှာရှိရမှာနော်။ အဲ text file ဆောက်ဖို့ကတော့ text editor ဆော့ဖ်ဝဲ တစ်ခုခုသုံးပြီး ဆောက်ပါပြီးရင်အထဲမှာ ကိုရေးချင်တဲ့စာရေးပါ။ ဒါဆိုရင် Text file တစ်ခုရပါပြီး။ ကျနော်ကတော့ Root exploxer ကိုသုံးပါတယ်။ အဲကောင်သုံးနည်းကိုလည်းပြောပြပေးပါမယ်။ မေ့နေလို့ root exploxer ကိုသုံးမယ်ဆိုတော့ root လိုလားလို့မေးတော့မယ်ဆိုတာထင်ပါတယ်။ မပူပါနဲ့ root မလိုပါဘူး။
ကဲလိုချင်ရင်အောက်မှာဒေါင်းသွားနော်
ဒေါင်းရမှာက အရင်လိုအ်များကြီးဒေါင်းစရာမလိုတော့ပါဘူး။
Apk တစ်ခုဒေါင်းရုံနဲ့ရပါပြီး။
အဆင်ပြေပါစေ။Link ၂ ခုပေးတားပါတယ်။
DOWNLOAD Here >>> 1 Link <<< (Drop box Link)
Download Here >>> 2 Link <<< (PC Cloud Link)
အဆင်ပြေပါစေ ပဲခူးသားလေးကျော်ထွဋ်
Page လေးကို ဒီမှာ Like လုပ်လို့ရပါတယ်။
No comments:
Post a Comment