Followers

Wednesday, October 8, 2014

ဆယ်တန်းအောင်သမားအတွက်ပါ

ဆယ်တန်းအောင်သမားတွေအတွက်ပါ


ဆယ်တန်းအောင် ကျောင်းသားတစ်ယောက်အနေနဲ့ ကွန်ပျူတာတက္ကသိုလ်ကို ရွေးချယ်ဖို့  ဆုံးဖြတ်ချက်ချလိုက်ရင်ဘဲ အပြင်မှာ ကွန်ပျူတာသင်တန်းတွေ မှိုလိုပေါက်နေတာ ဘာလို့ အကျိုးမဲ့ အချိန်ဖြုန်းနေမှာလဲလို့  မေးငေါ့တတ်ကြပါတယ်။ ဟုတ်ကဲ့။ ကျွန်တော် ကွန်ပျူတာတက္ကသိုလ် နောက်ဆုံးနှစ်ကို ၂၀၁၂ က အောင်ထားတာပါ။ ကျွန်တော် ဒီတက္ကသိုလ် တက်ရတာ အလကား သက်သက် ဖြစ်တယ်လို့  နောင်တတွေနဲ့  မသတ်မှတ်တဲ့အပြင် ရွေးမိတာ မှန်လိုက်လေခြင်းရယ်လို့  ကိုယ့်ဟာကို ထပ်တလဲလဲ ဂုဏ်ယူနေမိပါတယ်။………………………………………………………………………………………………………………………………………………………………
ဒီခေတ်ကြီးမှာ ဖုန်းတွေ၊ လက်ပ်တော့တွေ၊ တက်ဘလက်တွေနဲ့  လူတွေက ဂိမ်းကစားဖို့ ၊ သီချင်းနားထောင်ဖို့ ၊ စာဖတ်ဖို့ စသည်ဖြင့် ပုံစံမျိုးစုံနဲ့  ပိုမို အသုံးပြုလာကြပါတယ်။ ဒါကို Software Application အသုံးပြုခြင်းလို့  ခေါ်ပါတယ်။ ဒီလို Software တစ်ခု ရေးတတ်ဖို့ အတွက် C++, Java အစရှိတဲ့ Programming Fundamental Language တွေသိဖို့ လိုပါတယ်။ ဒီ Language တွေကို ကျွန်တော် ကွန်ပျူတာတက္ကသိုလ် ပထမနှစ်ကတည်းက စတင်ထိတွေ့ ခဲ့ရပါတယ်။ တကယ်တမ်း စိတ်ဝင်တစား လေ့လာသင်ယူခဲ့မယ်ဆိုရင် Logic ပိုင်ဖို့  အတွက်လည်း စိုးရိမ်စရာမလိုပါဘူး။ Logic သာ အပိုင်ကိုင်နိုင်မယ်ဆိုရင် ဘယ် Language မဆို ကြောက်စရာ မလိုတော့ပါဘူး။ အလုပ်ခွင်ထဲ ရောက်တဲ့လူတိုင်း ဒီအရသာကို ခံစားမိကြမှာပါ……………………………………………………………………………………………………………………………………………………

Application လေးတစ်ခုကို ရေးပြီး ဈေးကွက်တင်တယ်ဆိုတာ ကုန်ပစ္စည်းတစ်ခု ထုတ်သလိုပါပဲ။ ကုန်ကျစရိတ်၊ အရင်းအနှီး၊ ကြော်ငြာစရိတ်၊ ဝန်ထမ်းလခ စသဖြင့်တွက်ပြီး ဘယ်လို အမြတ်ရအောင်လုပ်မလဲ၊ ဘယ်နနှစ်အတွင်း ဘယ်လောက်အထိ ထိုးဖောက်မလဲ ဆိုပြီး တွေးရပါတယ်။ ဒီပညာတွေကို ကျွန်တော်တို့  ကျောင်းတော်ကြီးက Account ဆိုတဲ့ ဘာသာကို သင်ပေးခဲ့ပါတယ်။ အထင်မသေးလိုက်ပါနဲ့ ။ ကွန်ပျူတာ တက္ကသိုလ်ထွက်ကျောင်းသားတစ်ယောက်က LCCI Level 2 အဆင့်ရှိပါတယ်။ ဒီလို အတတ်ပညာတွေကြောင့် ကွန်ပျူတာ တက္ကသိုလ်က ကျောင်းသားတွေ application တစ်ခုကိုထုတ်ပြီး ဈေးကွက် ဘယ်လိုဖောက်သင့်လဲ Proposal ပုံစံတင်ရတဲ့ IT Business Plan Contest တွေမှာ အခုဆို အာဆီယံအဆင့်အထိ ၀င်ပြိုင်နေတဲ့သူတွေတောင် ရှိနေပါပြီ……………………………………………………………………………………………………………………………………………………………………
Application တစ်ခုထုတ်တယ်ဆိုတာ တိုက်တစ်လုံးကို ဆောက်ရသလိုပါပဲ။ အရာရာ ကိုယ်တစ်ယောက်ထဲ လုပ်အားနဲ့  မပြီးနိုင်ပါဘူး။ ပြီးနို်င်တယ်ဆိုရင်တောင် အချိန်တော်တော်ရင်းရမှာပါ။ ဒီတော့ ဝန်ထမ်းငှားရမယ်။ ဝန်ထမ်းတွေကို ဘယ်လို အုပ်ချုပ်မလဲ။ ဘယ်လို တာဝန်တွေ ခွဲဝေပေးမလဲ။ ဒီလို Management အပိုင်းကို ပိုင်ဖို့  လိုအပ်ပါသေးတယ်။ ကွန်ပျူတာ တက္ကသိုလ်ကြီးက ဒီပညာကို ကျွမ်းကျင်စွာ တတ်မြောက်အောင် Software Engineering ဆိုပြီး သင်ပေးပါတယ်။……………………………………………………………………………………………………………………………………………………………………
ဒီလို IT ခေတ်ကြီးထဲမှာ ကမ္ဘာနဲ့  ဝင်ဆံ့ဖို့  ရင်ဘောင်တန်းနိုင်ဖို့ အချိန်နဲ့  တစ်ပြေးညီ သတင်းအချက်အလက် ရဖို့ အတွက် Internet ဆိုတဲ့ ကမ္ဘာ့  ကွန်ယက်ကြီးထဲ တစ်နေ့ တစ်ခြား ပိုမို ဝင်ရောက်လာတာကို အထင်အရှားတွေ့ ရပါတယ်။ ထွန်းသစ်စ နိုင်ငံ (emerged country) ဆိုတဲ့ ကျွန်တော်တို့  မြန်မာနိုင်ငံကြီးမှာ တောင် အင်တာနက် အသုံးပြုနှုန်းက သိသာစွာ တိုးတက်လာတယ်မဟုတ်လား။ အဖွဲ့ အစည်းတိုင်း၊ ကုမ္ပဏီတိုင်းလောက်က အခုဆို သူတို့ ရဲ့  သတင်းအချက်အလက်တွေကို အချိန်နဲ့  တစ်ပြေးညီ မျှဝေဖို့  Website လေးတွေ လုပ်လာကြပါတယ်။ ဒီ Website ရေးဖို့ အတွက် Design နဲ့  Develop ဆိုပြီး ပညာရပ်နှစ်မျိုး တတ်မြောက်ရပါတယ်။ ကျွန်တော်တို့  ကျောင်းတော်ကြီးက အခြေခံများဖြစ်တဲ့ HTML,CSS, Javascript တွေ ကို သင်ပေးတဲ့အပြင် အခု main stream မှာ သိပ်ကို ခေတ်စားနေတဲ့ Server scripting language ဖြစ်တဲ့ PHP ကိုပါ သင်ကြားပေးနေပါတယ်………………………………………………………………………………………………………………………………………………………………
ကျွန်တော်တို့  မြန်မာနိုင်ငံမှာ နေ့ ချင်းညချင်း အရေအတွက် သိသာစွာ တိုးပွားလာတဲ့လုပ်ငန်းတွေထဲမှာ ဘဏ်လုပ်ငန်းက ထိပ်ပိုင်းနေရာက ပါနေတာကို တွေ့ ရပါတယ်။ ဘဏ်လုပ်ငန်းဆိုရင် ဝတ်စုံလှလှလေးတွေနဲ့  ရုပ်ရည် ပြေပြစ်သန့် ပြန့် တဲ့ ဝန်ထမ်းတွေကိုပဲ ပြေးပြေးမြင်တတ်ကြပါတယ်။ တကယ်တော့ ဘဏ်လုပ်ငန်းတစ်ခုမှာ CEO ပြီးရင် အရေးပါဆုံးလူက ငွေသွင်း၊ ငွေလွှဲတဲ့ data တွေကို ကိုင်တဲ့ Database Programmar ပါပဲ။ Database တစ်ခုကို ဆွဲတတ်အောင် ကွန်ပျူတာ တက္ကသိုလ်ကြီးက Database Management ဆိုပြီး သင်ပေးပါတယ်။…………………………………………………………………………………………………………………………………………………………………
ဒါကို လူတွေက သေချာမသိပဲ ကွန်ပျူတာ တက္ကသိုလ်ဆင်းဆိုတာနဲ့  စာစီစာရိုက်၊ Word၊ Excel တွေလောက်ပဲ သင်ပေးတယ်လို့  ထင်နေတာခက်ပါတယ်။ အဲဒီမှာ စလွဲတာပါပဲ။ ကျွန်တော်ကိုယ်တိုင်တောင် ကွန်ပျူတာတက္ကသိုလ်ကျောင်းဆင်းဆိုတော့ typing ကောင်းကောင်းတတ်မှာပေါ့။ ဒါဆို အလုပ်မရှားပါဘူးလို့  အပြောခံထိခဲ့ဖူးပါသေးတယ်။ ........................................................
...............................................................................................
အပြင်သင်တန်း တစ်ခုကို အခု ပေါက်ဈေးနဲ့ ဆို ဈေးအနည်းဆုံး ကျပ်တစ်သိန်းခွဲ ကျသင့်ပါတယ်။ အများအားဖြင့် အသင်တန်းတစ်ခုက Language တစ်ခုထဲသာ သင်ကြားပေးလေ့ပါတယ်။ ကွန်ပျူတာ တက္ကသိုလ်မှာတော့ Language အားလုံးကို တစ်နေရာတည်း ပြီးပြည့်စုံစွာ သင်ကြားပေးနေတာပါ။ ကျွန်တော် ထောက်ပြခဲ့တဲ့ ပညာရပ်တွေ အခြားဘာသာရပ်တွေတောင် ရှိပါသေးတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတကာမှာဆိုရင် အပြင်သင်တန်းတွေကရတဲ့ Certificate တွေထက် ကွန်ပျူတာတက္ကသိုလ်ကပေးတဲ့ Degree ကို ပိုမိုအရေးပေးတာပါ။...................................................................................................................................................... ဒါပေမယ့် လက်တွေ့ ပိုင်းအတွက် အခက်အခဲတော့ရှိတယ်လို့  အကြောင်းပြတတ်ကြပါသေးတယ်။ မြန်မာနိုင်ငံမှာ လက်တွေ့ အကောင်းဆုံးပေးနိုင်ပါတယ်ဆိုတဲ့ ဆေးကျောင်းမှာတောင် သင်ထောက်ကူပစ္စည်းတစ်ခုကို ခုနှစ်ယောက် ရှစ်ယောက်လောက် ဝိုင်းဝန်းသုံးနေတာမို့ လို့ ဒါကို အပြစ်တင်လို့ မရပါဘူး။ အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်မယ်ဆိုရင်တော့ ကိုယ်တိုင် လေ့လာမှုတော့ ထပ်မံ ပေါင်းစပ်ရမှာပါပဲ။ လေ့လာမှုတွေ မလုပ်ချင်ဘူးဆိုရင်တော့ နေ့ စဉ်နဲ့ အမျှ နည်းပညာ အသစ်တွေထွက်နေတဲ့ IT Field ထဲ မဝင်ဖို့ အကြံပေးချင်ပါတယ်။………………………………………………………………………………………………………………………………………………………………
ပြီးတော့ ကွန်ပျူတာက ဆင်းလဲ လစာ တစ်သိန်းပါပဲလို့  ပြောတဲ့လူတွေ အများကြီးတွေ့ ရပါတယ်။ ဒါကတော့ ကျွန်တော်တို့  နိုင်ငံရဲ့ IT Industry ဟာ အခုမှ ကြီးထွားဖို့  အစြ့ပုနေဆဲ မို့ လို့ ပါ။ သို့ ပေမယ့် အလုပ်ဝင်ြ့ပီး တစ်နှစ်လောက် အကြာမှာပဲ လစာ သုံးသိန်းကျော် ရနေတဲ့ သူတွေလည်းရှိပါတယ်။ ဒါဟာ ဘာလို့  လဲဆိုတော့ ကျောင်းတက်စဉ်က သေချာ လေ့လာလိုက်စား သင်ကြားခဲ့ပြီး အခြေခိုင်ခဲ့လို့ ပါပဲ.................................................................................................................................................... ကွန်ပျူတာ တက္ကသိုလ်ဆင်းဆိုပြီး software တွေ application တွေ social network တွေ မသုံးတတ်တဲ့လူတွေ တွေ့ ဖူးတယ်လို့  ပြောတဲ့လူတွေလည်း တွေ့ ရတတ်ပါတယ်။ ကျွန်တော် အကြံပေးချင်တာကတော့ end-user နဲ့  developer သဘော သဘာဝ ဘာတွေကွာလဲဆိုတာ အရင်လေ့လာလိုက်ပါဦးလို့  တိုက်တွန်းချင်ပါတယ်....................................................................................................................................................................ကျွန်တော်က အိုင်တီပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ အခုမှ လုပ်ငန်းခွင်ထဲဝင်ဖို့  ကြိုးစားဆဲ ပညာသင်တစ်ဦးပါ။ လုပ်ငန်းခွင်ထဲ ဝင်တဲ့အချိန်မှာဆိုရင် အကျိုးကျေးဇူး ပိုသိလာရမှာ ကျိန်းသေပါပဲ။ ကျွန်တော် ဒါကို ရေးတာ ကွန်ပျူတာတက္ကသိုလ် တက်ဖို့  ရွေးချယ်မယ့် ပြီးတော့ တက်နေဆဲ နောင်တရသလို အဓိပ္ပာယ်မဲ့သလို ခံစားနေရတဲ့ ညီငယ် ညီမငယ်တွေအတွက် အားပေးချင်ယုံသက်သက်ပါ။ တော်လွန်းလို့  တတ်လွန်းလို့  လုံးဝ လုံးဝ မဟုတ်ရပါဘူးဆိုတာ သိစေချင်ပါတယ်။ တစ်ခုခု အမှားလေးများပါရင်ဖြင့် နောင်တော်ကြီးများ၊ ရောင်းရင်းများ ခွင့်လွှတ်ပေးဖို့  တိုက်တွန်းရင်း……………………………………………………………………………………………………………………
(စာကြွင်း ။ ။ ဟားဗက် တက္ကသိုလ်ကနေ အမေရိကန် သမ္မတတွေ မွေးထုတ်ပေးနိုင်တယ်ဆိုပေမယ့် ဟားဗက် တက္ကသိုလ် ထွက်တိုင်းကတော့ Mr. President ဖြစ်မလာပါဘူး။ စက်ရုံတစ်ခုအနေနဲ့  ဥပမာပြုရအောင်။ နောက်ဆုံး ကုန်ချောလို့ ဆိုရမယ့် အောင်မြင်မှုကို ထုတ်လုပ်နိုင်ဖို့ အတွက် သင်ကြားမှုဆိုတဲ့ ကုန်ကြမ်းတွေကို လိုအပ်ပါတယ်။ ဒီ ကုန်ကြမ်းတွေကို Formal Learning လို့ ဆိုရမယ့် တက္ကသိုလ်တွေ ၊ သင်တန်းတွေကနေ ရရှိနိုင်သလို Informal Learning ဇြစ်တဲ့ ပြင်ပလောက နဲ့  အလုပ်အတွေ့ အကြုံကနေ ရရှိနိုင်ပါတယ်။ ဒီ စက်ရုံ လည်ပတ်ဖို့ ပြီး လှပတဲ့ ကုန်ချောထွက်ဖို့ ဆို လောင်စာအဖြစ် မလျော့သော ဇွဲလုံလ၊ ဝီရိယတွေနဲ့ အပတ်တကုတ် လေ့လာလိုက်စားမှုနဲ့ လည်ပတ်ရမှာပေါ့ဗျာ......................
ဒီတော့ ဒီကုန်ကြမ်းတွေကို ရအောင် မယူနိုင်သူကတော့ သူ့ ရဲ့  လောင်စာ အသုံးပြုခဲ့မှုနဲ့ သာ သက်ဆိုင်ပါတယ်.................................................
ဒီ Post လေးရဲ့  ဆိုလိုရင်းကတော့ ကျွန်တော်တို့  ကွန်ပျူတာ တက္ကသိုလ်က အောင်မြင်မှုဆိုတဲ့ ကုန်ချောအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို အတိုင်းအတာ တစ်ခုအထိ လုံလုံလောက်လောက်ပေးနိုင်ကြောင်း အကြံဥာဏ်ပေးထားတာပါ).................................................. အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျ............................ 
May God Bless You All!!)
I.Z
Credit >>> Ivan Zarliana


No comments:

Post a Comment